Student Portal

Providing a stimulating and highly effective learning environment, engagement through teacher-student discussions and peer-to-peer collaborations always ensure that students share ideas, acquire knowledge and develop their interpersonal skills.

British University College has ensured support is available for students in all areas of university life and received positive feedback in our reviews.

ppl photo

Bhone Khaing Oo

I can positively say British University Collage has made me a better person.It has helped me develop a positive attitude towards my studies and discover more about myself. Teachers really take care of us and very interested in students well-being.They make sure every class is educational and interactive.I am really proud of being a student of British University Collage.

ppl photo

Pyae Phyo Soe

I am very glad to be here at British University Collage.Teachers and staffs are really helpful and one I like about British University Collage is the support I have received from everyone.I love the friendly atmosphere and the fact that teachers are really close to students.

ppl photo

Thet-Nyun-Eain

British University Collage is one of the footsteps one take towards the career, wish to excel in.Studying at British University Collage helps me realize the potential, can have and goals, can accomplish.The staffs welcome the students warmly and teachers encourage us to make many more improvements.

ppl photo

Kaung Myat Min

I choose Higher Diploma in Business Management in British University Collage so that I can take over my family business pretty well with the help of my studies.Thanks to British University Collage,I have met good classmates and the lecturers who are all very supportive. Perfectly teachers are very friendly and guide us step by step patiently. They also motivated me to struggle in studies. British University Collage has helped me progress and outclass by guiding me all the way and making sure that I understand well in reality.

ppl photo

ကျော့ကေသွယ်ဦး

သမီးက Hospitality & Tourism ဘာသာရပ်ကို အရမ်းစိတ်ဝင်စားပါတယ်။ အဲ့ဒီအတွက် International Foundation Programme ကို British University College မှာလာတက်ပါတယ်။ Foundation ပီးရင် အင်္ဂလန်မှာ တိုက်ရိုက်သွားတက်မှာ ဖြစ်ပါတယ်။ သမီးအတွက် အရည်အချင်းပြည့်စုံအောင်လည်း BUC က အကောင်းဆုံး Training ပေးပါတယ်။ Training ကောင်းကောင်းရထားတဲ့ အတွက် နိင်ငံခြားမယ် ကျောင်းသွားတက်မယ် ဆိုရင် အခက်အခဲတွေမရှိလောက်တော့ဘူးဆိုတာ သမီးယုံကြည်ပါတယ်။ မန္တလေးက သူငယ်ချင်းတွေကိုလည်း BUC မှာလာတက်မို့ တိုက်တွန်းခြင်ပါတယ်

ppl photo

မြတ်မင်းခန့်

ကျွန်တော် အခု British University College မှာ international Foundation Programme တက်ရောက်နေပါတယ်။ ဒီ Programme ကိုတက်ရောက်နေတဲ့ကာလမှာ ကျွန်တော့်ကို ကျွန်တော်ထင်ထားတာထက် ပိုပီးတော့ English စာ အရည်အချင်းအပြင် အခြား Academic Skills တွေပါ အများကြီးတိုးတက်လာပါတယ်။ အဲ့အတွက် ကိုယ့်ကို ကို ပိုပီး Confidence ရှိလာရုံသာမက ကျောင်းမှာသင်ကြားပေးနေတဲ့ Programme တွေက တကယ့်ကိုအရည်အသွေးပြည့်မှီတယ် ဆိုတာလည်း ကျွန်တော်လက်တွေ့သိလိုက်ရပါတယ်။ ဒါကြောင့် Business Management ကို Bachelor ပီးတဲ့အထိ BUC မှာပဲတက်မို့ ဆုံးဖြတ်ထားပါတယ်။ MBA ကိုလည်း ဆက်တက်မို့ အစီအစဉ်ရှိပါတယ်။ အတန်းဖော်သူငယ်ချင်းတွေက အရမ်းကို ခင်ဖို့ကောင်းတဲ့အတွက် BUC မှာတက်ရတာ အရမ်းကို ပျော်ပါတယ် ခင်ဗျာ ။ ထိထိရောက်ရောက်နဲ့ အရည်အသွေးကောင်းတဲ့ကျောင်းမျိုးကို ရှာနေတဲ့ ကျွန်တော့်လို ကျောင်းသားတွေ အတွက် BUC မှာလာတက်ဖို့ အကြံပေးခြင်ပါတယ်။

ppl photo

နန်းဖောင်ခမ်း

ကျွန်တော့်ညီမလေး နာမည်ကတော့ နန်းဖောင်ခမ်းပါ။ ကျွန်တော်တို့ မောင်နှမနှစ်ယောက်စလုံး British University Collegeမှာ International Foundation Programmeတက်နေပါတယ်။ပွင့်ပွင့်လင်းလင်းပြောရရင်ကျွန်တော်တို့နစ်ယောက်စလုံးဒီကျောင်းကိုအရမ်းကြိုက်ပါတယ်ဘာလို့လဲ ဆိုတော့ တောင်ကြီးကနေလာတက်တဲ့ကျွန်တော်တို့လို နယ်ကကျောင်းသားတွေအတွက်နိုင်ငံခြားဘာသာရပ်တွေကို လေ့လာသင်ယူဖို့ဆိုတာ နည်းနည်းအလှမ်းဝေးပါတယ်။ BUCကိုလာစုံစမ်းတဲ့အချိန်မှာတော့ ကျွန်တော်တို့သင်ယူချင်တဲ့ပုံစံနဲ့ ကိုက်ညီမှုအပြည့်အဝရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့နှစ်ယောက်လုံး International FoundationProgrammeကိုစတက်ဖြစ်ခဲ့ပါတယ်။ နယ်ကလာတက်တာဖြစ်တဲ့အတွက် စာမလိုက်နိုင်မှာကိုတော့ စိုးရိမ်မိခဲ့ပါတယ်။ တကယ်တမ်းလက်တွေ့မှာတော့ ဆရာ၊ဆရာမတွေက ကျောင်းသားတယောက်ချင်းစီ နားမလည်တာတွေကို အသေးစိတိသင်ကြားပေးတဲ့အတွက် အခက်အခဲမရှိခဲ့ပါဘူး။ အခုအချိန်မှာတော့ ကျွန်တော်တို့အရင်နဲ့မတူတော့ပဲ နိုင်ငံခြားမှာကျောင်းတက်နေတဲ့ ကျောင်းသားတွေလို Confidence တွေအပြည့်အဝရှိနေပါပြီ။ ဒါကြောင့် ကျွန်တော်တို့ မောင်နှမနှစ်ယောက်လုံး BUCမှာပဲ UK Bachelorရတဲ့အထိ ဆက်တက်ဖြစ်မှာပါ။ ကျွန်တော်ပြောချင်တာတခုက ရန်ကုန်ကိုကျောင်းလာတက်ဖို့ စိတိကူးနေတဲ့သူငယ်ချင်းတွေအတွက် BUC is The Bestလို့ ပြောချင်ပါတယ်။

ppl photo

အိမွန်မွန်ကျော်

သမီးအခု British University College မှာ International Foundation Programme တက်ရောက်နေပါတယ် ။ ဒီကျောင်းရွေးချယ်ရတဲ့ အဓိက အချက် ၂ ချက်ရှိပါတယ်။ Foundation အတန်းပြီးသွားရင် ကိုယ့်အတွက် ရွေးချယ်စရာ Academic Pathway တွေ အများကြီးရှိလို့ ရွေးချယ်ဖြစ်ခဲတာပါ။ International Foundation Programme ပြီးတဲ့ အချိန်မှာ သမီးအရင်နဲ့ လုံးဝ မတူတော့ပါဘူး။ အရမ်းပြောင်းလဲသွားပါတယ် ။ English အပြင် တခြားဘာသာရပ်ဆိုင်ရာတွေမှာလည်း ထင်ထားတာထက် အများကြီးတိုးတက်တယ် ဆရာ ၊ ဆရာမတွေကလည်း ဘာသာရပ်ဆိုင်ရာတွေ သင်ကြားပေးရုံတင် မကပါဘူး သူတို့ရဲ့ အတွေ့အကြုံ ကို Sharing လုပ်ပေးတဲ့အတွက် အရင်ထက်ပိုပီးတော့ ဘယ်လိုလမ်းကြောင်းကို ရွေးချယ်ရမလဲစိုတာကို ပိုမြင်လာပါတယ် ။ အမီးအခု BUC မှာပဲ International Higher Diploma အတန်းကိုဆက်တက်ဖို့ Ready ဖြစ်နေပါပြီး အမီးမှာ လိုအပ်နေတဲ့ High School Level နဲ့ University Level ကြား Gap ဖြစ်နေတာကို အမှန်တကယ် ဖြည့်ဆည်းပေးနေတဲ့ British University College ကို ကျေးဇူးတင်ပါတယ်။

ppl photo

ဝါရွှေသွေးအောင်

အ.ထ.က ၂ ဗဟန်းကနေဆယ်တန်းကို ၅ ဘာသာဂုဏ်ထူးနဲ့အောင်မြင်ထားပါတယ်ရှင့်။ ဆယ်တန်းဖြေပြီးတဲ့အချိန် English စာသင်တန်းတွေတက်ဖို့စုံစမ်းတဲ့အချိန်မှာဘဲ British University College နဲ့ချိတ်ဆက်မိပြီး English For Academic Purpose course ကိုတက်ရောက်ဖြစ်ခဲ့ပါတယ်။ဒီကျောင်းမှာတက်လိုက်ရတဲ့အတွက် အရင်ကမလုပ်ခဲ့ရတဲ့ Activity တွေကို လုပ်တတ်လာတယ်။အမြဲတမ်းလိုလို Team နဲ့အလုပ်လုပ်ရတဲ့အတွက် Teamwork skillsတွေထက်လာတယ်။ ကျွန်မကလူတွေရှေ့မှာစကားထွက်ပြောဖူးပေမယ့်လည်း Presentation Rules တွေကိုသေချာမသိခဲ့ပါဘူး။ BUC က ဆရာ ဆရာမတွေရဲ့ သေချာသင်ကြားပေးမှုနဲ့ Individual presentation တွေကိုစနစ်တကျလုပ်တတ်လာသလို Team presentation ကိုလည်းအပေးအယူ မျှမျှတတလုပ်တတ်လာပါတယ်။ Debate နဲ့ Assignment တွေကိုအပတ်တိုင်းလိုလိုလုပ်ရတဲ့အတွက် ကောင်းတဲ့အတွေ့အကြုံကောင်းတွေအများကြီးရရှိခဲ့ပါတယ်။ British University College ဟာ location အနေအထားအရရော။ Student Facilities အရရောပြီးပြည့်စုံတဲ့အတွက် ကျောင်းတက်ရတာအမြဲစိတ်ချမ်းသာရတယ်။ ကျောင်းမှာသူငယ်ချင်းအသစ်တွေလည်းအများကြီးရခဲ့တဲ့အပြင် staff အစ်မတွေကပါသဘောကောင်းကြတဲ့အတွက်ပျော်စရာအရမ်းကောင်းခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်မရဲ့သူငယ်ချင်းတွေကိုလည်း British University College မှာလာတက်ကြပါလို့အကြံပေးလိုက်ပါတယ်ရှင့်။

ppl photo

နော်အောင်

British University Collegeမှာ Civil Engineering ရွေးချယ်တက်ရောက်ရတဲ့ အကြောင်းအရင်းကတော့ ဘာသာရပ်ဆိုင်ရာတွေမှာ ခိုင်မာတဲ့အင်္ဂလန်တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားလို့ပါ။ အခုကျောင်းတက်နေတဲ့အချိန်မှာလည်း ကျွန်တော်သင်ရတဲ့ ဘာသာရပ်တွေက အပြင်မှာတကယ်လုပ်နေရတာနဲ့ ဆက်စပ်မှုရှိသည့်အပြင် သင်ကြားတဲ့ ဆရာ၊ဆရာမတွေကလည်း သင်ကြားမှုအပိုင်းမှာ တကယ့်ကိုအတွေ့အကြုံရှိပြီး တစ်ဦးချင်းစီကို သေချာနားလည်အောင် သင်ကြားပေးပါတယ်။ ဒါကြောင့် British University Collegeမှာ တက်ရောက်ရတာ ကျွန်တော့်အတွက်မှန်ကန်တဲ့ရွေးချယ်မှုဖြစ်တဲ့အတွက် BUCမှာပဲ Bachelorရတဲ့အထိ ဆက်တက်ဖို့ ဆုံးဖြတ်ထားပါတယ်။ Civil Engineering ကို အမှန်တကယ်စိတ်ဝင်စားတဲ့ ညီအစ်ကိုမောင်နှမတွေကို BUCမှာလာတက်ဖို့ အကြံပြုချင်ပါတယ်။ လာတက်ကြည့်လိုက်ပါ ကျွန်တော့်လိုမှန်ကန်တဲ့ ရွေးချယ်မှုမျိုးကို ရရှိသွားမှာပါ။

ppl photo

ဂျွန်ကိုကို

ကျောင်းများစွာထဲကမှ British University Collegeကို ရွေးတက်ရောက်ရခြင်းအကြောင်းအရင်းကတော့ Pathway Partnersတွေကနိုင်ငံတကာနှင့် UK မှာ High Rankingအဖြစ် အသိအမှတ်ပြုထားခြင်း (၁၆)လ Programmeပြီးရင် UK တက္ကသိုလ်များမှာ နောက်ဆုံးနှစ်တက်ရောက်ခွင့်ရခြင်း Singapore သို့(၁)လ International Education Experience ရရှိရန် သွားရောက်သင်ကြားရခြင်း၊ International Higher Diplomaကို အချိန်(၁၆)လ အတွင်းရနိုင်ခြင်း၊ ထို့အပြင် British University Collegeတွင် သင်ကြားသောဆရာများထံမှ ဆောက်လုပ်ရေးနှင့်ပက်သက်သောအတွေ့အကြုံကို စာတွေ့လက်တွေ့ လေ့လာသင်ကြားလိုသဖြင့် တက်ရောက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း Civil Engineering ဘာသာရပ်ကို တက်ရောက်ရခြင်းရည်ရွယ်ချက်ကတော့ ကျောင်းတွင် စာတွေ့၊ လက်တွေ့အတွေ့အကြုံများကိုရယူပြီး ကိုယ်ပိုင်စီးပွားရေးလုပ်သည့်အခါ ပြန်လည်အသုံးချနိုင်ခြင်းကြောင့်ဖြစ်ပါသည်။

ppl photo

ခန့်မင်းနိုင်

ကျွန်တော်(၁၀)တန်းမှာ (၅)ဘာသာဂုဏ်ထူးနဲ့ အ.ထ.က (၁) ဒဂုံကနေ အောင်မြင်ခဲ့ပြီး British University Collegeရဲ့ International Foundation Programmeတက်ရောက်နေပါတယ်ခင်ဗျာ။ Foundation Courseမှာ (၅)ဘာသာသင်ရပါတယ်။ Pre University Programmeဖြစ်တဲ့ Academic Skillsတွေလည်း သင်ကြားပေးပါတယ်။ ဆရာတွေကလည်း စာအသင်အပြကောင်းပြီး၊ ဝန်ထမ်းတွေကလည်း နွေးနွေးထွေးထွေးရှိကြပါတယ်။ ထူးချွန်တဲ့ကျောင်းသားတွေအတွက် ကျောင်းက Scholarship စာမေးပွဲဖြေဖို့ သေချာလေ့ကျင့်သင်ကြားပေးတဲ့အတွက် ကျွန်တော်အမေရိကားမှာရှိတဲ့ University of Illinois at Chicagoကပေးအပ်တဲ့ဘွဲ့(၄)နှစ်စာလုံးအတွက် Scholarship (USD 48000/သိန်း 700) ကျော်ရရှိပါတယ်။ လာမယ့် ဇန်နဝါရီလမှာ Computer Scienceဘာသာရပ်ကို သွားရောက်တက်တော့မှာပါခင်ဗျာ။ ကျွန်တော့်ကို Scholarship အများကြီးရအောင် ကူညီပံ့ပို့ပေးတဲ့ British University Collegeကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

ppl photo

ဝင်းမြတ်ခမ်း

သမီးတို့တက်ရတဲ့ Foundation မှာ မတူညီတဲ့ သင်ကြားနည်းပုံစံများနဲ့ သင်ယူရပါတယ်။ BUC ကနေ ပညာရေးပိုင်းဆိုင်ရာဗဟုသုတ၊ အသိပညာတွေသာမက နောက်ထပ်ဘယ်တက္ကသိုလ်မှာမဆို ဒီဂရီဘွဲ့ကို သွားယူနိုင်ဖို့ မဖြစ်မနေလိုအပ်တဲ့ skillတွေအားလုံးကိုလည်း သမီးရရှိခဲ့ပါတယ်။ BUC မှာသမီးအကြိုက်အနှစ်သက်ဆုံး အချက်တွေကတော့ ဆရာတွေက အမြဲတမ်း Feedbackတွေပေးတယ်။ သမီးတို့ကလည်း ကိုယ့်ရဲ့ထင်မြင်ချက်တွေကို ပြန်ပြီးဆွေးနွေးခွင့်ရတဲ့အခွင့်အရေးကို သမီးအရမ်းကိုသဘောကျပါတယ်။ တစ်ခါတလေမှာ တစ်ဦးချင်းစီ လွတ်လွတ်လပ်လပ်တွေးခေါ်လေ့လာရတဲ့ အပိုင်းတွေလည်း အများကြီးရှိပါတယ်။ Assignment deadlinesတွေကိုဘယ်လို Meetဖြစ်အောင်လုပ်ရမလဲဆိုတာလည်း သင်ပြပေးပါတယ်။ ဒီလိုမျိုးသင်ပြနည်းတွေကြောင့် သမီးတို့ဟာနောက်ဆက်တက်ရမယ်. ပထမနှစ်အတွက် စိတ်ပိုင်းဆိုင်ရာပါပြင်ဆင်ပြီးသားဖြစ်နေကြပါပြီ။ သမီးအခု British University Collegeက Scholarshipတွေလည်း အများကြီးလျှောက်ပေးပါတယ်။ သမီးကတော့ University of Sunderland (UK) ကျောင်းကနေ Scholarship သိန်း(၉၀) ကျော်ရခဲ့ပါတယ်။ မိမိတို့ရဲ့ ပညာရေးဆိုင်ရာမှာပိုပြီူ အဆင့်မြင့်မြင့် လျှောက်လှမ်းချင်တယ်ဆိုရင် BUCမှာ တက်ဖို့အတွက်သမီးကတော့ အပြည့်အဝ Recommendပေးချင်ပါတယ်ရှင်။

ppl photo

ထက်ယွန်းနဒီ

သမီးက Australia ကိုကျောင်းသွားတက်ချင်လို့ BUCကို စုံစမ်းဖြစ်ခဲ့ပါတယ်။ အစကထင်ခဲ့တာ BUCမှာပဲတက်ပြီး ဘွဲ့ယူလို့ရတယ်။ Transferလုပ်လို့မရဘူပေါ့။ ဒါပေမယ့် BUCက Consultantအမတွေသေချာရှင်းပြတော့မှ BUCမှာ Education Pathwayတွေအများကြီးရှိတယ်ဆိုတာ သိခဲ့ရပါတယ်။ သမီးကတော့ Australiaမှာအဘိုးအဘွားတွေရှိလို့ အဲ့ဒီကိုပဲ ကျောင်းသွားတက်ဖို့ရွေးချယ်ခဲ့ပါတယ် အခုသမီး Universityတက်ရင် အခက်အခဲမရှိအောင် BUCမှာ International Foundation Programmeကို တက်ရောက်နေပါတယ်။ သမီးကInternational Schoolမှာတက်ခဲ့ဖူးတော့ Foundation Programmeက သိပ်အခက်အခဲမရှိလောက်ဘူးလို့ထင်ခဲ့ပေမယ့် တကယ်တက်ကြည့်တဲ့အခါမှာတော့ သမီးထင်ထားသလိုမျိုး မလွယ်ကူပါဘူး။ စာကိုတနေ့စာတနေ့ပုံမှန်လုပ်ရပြီး တကယ့်ကို နိုင်ငံခြားမှာသင်ကြားနေတဲ့အတိုင်း Assignmentတွေ၊ Presentation တွေအပြင် Critical Thinkingအပိုင်းတွေအများကြီးလုပ်ရပါတယ်။ အဲ့ဒါကြောင့်အခုဆိုရင် နိုင်ငံခြားမှာကျောင်းသွားတက်ဖို့ သမီးမှာ စိုးရိမ်စိတ်တွေ မရှိတော့ပါဘူး။ သိပ်မကြာခင်မှာလည်း Australiaကို ကျောင်းသွားတက်တော့မှာပါ။ အဲ့လိုကျောင်းသွားတက်ဖို့ကိုလည်း အစအဆုံးကူညီပေးတဲ့... British University Collegeကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

ppl photo

နန်းမေသင်းခိုင်

British University College ရဲ့ International Foundation Programme ကို တောင်ကြီးကနေလာတက်တာပါ။ သမီးက Hospitality & Tourism ဘာသာရပ်ကို အရမ်းစိတ်ဝင်စားပါတယ်။ အဲ့အတွက် Foundation ပြီးသွားရင် BUC ရဲ့ကျောင်းခွဲတစ်ခုဖြစ်တဲ့ TMC Academy ( Singapore ) မှာတစ်နှစ်သွားတက်ရောက်မှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီကို မသွားခင်အတောအတွင်းမှာ နိင်ငံခြားက University တွေမှာတက်မို့ လိုအပ်တဲ့ အရည်အခြင်းတွေ ပြည့်စုံအောင် British University College မှ ဆရာ | ဆရာမ တွေက အရည်အခြင်းပြည့်စုံအောင် British University College မှ ဆရာဆရာမတွေက အကောင်းဆုံးလေ့ကျင့်သင်ကြားပေးပါတယ်။ အခုဆိုရင် နိင်ငံခြားမှာ ကျောင်းသွားတက်တဲ့အခါ မြန်မာကျောင်းသားအများစု ကြုံတွေ့ခဲ့ရတဲ့ Assignment အခက်အခဲတွေ Presentation အခက်အခဲတွေကို ကောင်းကောင်းကြီးရင်ဆိုင်နိင်သွားပါပြီ။ ကျောင်းသားတွေကိုအရည်အချင်းရှိအောင်မွေးထုတ်ပေးနေတဲ့ British University College ကို အရမ်းကျေးဇူးတင်ပါတယ်လို့ ပြောခြင်ပါတယ်။ တောင်ကြီးကသူငယ်ချင်းတွေကိုဘည်း BUC မှာလာတက်ဖို့တိုက်တွန်းခြင်ပါတယ်။

ppl photo

အောင်မြတ်ဖုန်း

ကျွန်တော် British University College ကို စသိခဲ့တာကတော့ 2018 Educational Fair မှာပါ။ ကျောင်းတွေအများကြီးရှိတဲ့ အထဲက ကျွန်တော် BUC ကိုရွေးချယ်ဖြစ်ခဲ့ပါတယ်။ အဓိက အကြောင်းအရင်းကတော့ BUC ရဲ့ Foundation Program မှာပါတဲ့ Modules တွေက နိင်ငံခြားကျောင်းသွားတက်မယ့်သူတွေ အတွက် အရမ်းကို အသုံးဝင်တယ်ဆိုတာသိခဲ့ရလို့ပါ။ BUC က အင်္ဂလန် Programme တွေ ကို အဓိကထားသင်ကြားပေးတယ်ဆိုပေမဲ့ ကျွန်တော်တို့လို UK မဟုတ်တဲ့ အခြာနိင်ငံတွေမှာ တက်ခြင်တဲ့ လူငယ်တွေအတွက် အကြံဉာဏ်ကောင်းတွေ ပေးတဲ့အပြင် အလွယ်တကူသွားတက်နိင်အောင် အစအဆုံး တာဝန်ယူဆောင်ရွက်ပေးတဲ့ အရမ်းကောင်းကျောင်းတစ်ကျောင်းလို့ ကျွန်တော် Recommend အပြည့်အဝ ပေးခြင်ပါတယ်။

ppl photo

ပန်းအိဖြူ

သမီး (၁၀) တန်းအောင်ပြီး တက္ကသိုလ်မတက်ခင် ကြားကာလမှာတော့ British University College ကိုစုံစမ်းမိပြီး English for Academic Purpose သင်တန်းကိုတက်ရောက်ဖြစ်ခဲ့ပါတယ်။ ဒီသင်တန်းတက်လိုက်ခြင်းအားဖြင့် သမီးအရင်နဲ့မတူတော့ပဲ ပြောင်းလဲမှုတွေ စိန်ခေါ်မှုများစွာကြုံတွေ့ခဲ့ရတော့ တိုးတက်မှုတွေအများကြီးရှိလာခဲ့ပါတယ်။ Academic English စာဖြစ်တဲ့အတွက် သင်နေကျ General English နဲ့မတူတဲ့ Academic Vocabulary တွေကိုလည်း သိရှိခဲ့ရပါတယ်။ စစတက်ချင်းမှာတော့ ကိုယ်နဲ့မရင်းနှီးတဲ့Academic စာတွေဖြစ်လို့ မလိုက်နိုင်တဲ့စာမျိုးတွေရှိခဲ့ဖူးပေမယ့် တက်တာကြာလာလေလေ တစ်ပတ်နဲ့တစ်ပတ်မတူညီတဲ့ အပြောင်းအလဲတွေ ၊ တိုးတက်မှုတွေရှိလာမှန်း ကိုယ့်ကိုကိုယ် သတိထားမိလာပါတယ်။ ဆရာနဲ့ဆရာမကလည်း သမီးတို့နားလည်နိုင်တဲ့အထိ သေချာသင်ကြားပြသပေးတဲ့အပြင် English စာတစ်ခုတည်းမဟုတ်ပဲ Team Work Discussion, Debate, Game and Outdoor activities တွေလည်းလုပ်ခဲ့ရပါတယ်။ Team နဲ့လုပ်တတ်တဲ့အလေ့အကျင့်ရှိအောင် Assignment တွေလည်း တစ်ဦးချင်းစီရော၊အဖွဲ့လိုက်ရော လုပ်ရတဲ့အပြင် Team Presentation တွေကိုလည်းအပတ်တိုင်းလုပ်ရပါတယ်။ Presentation လုပ်တဲ့နေရာမှာ အများဆုံးဒုက္ခရောက်တာကတော့လူရှေ့မှာစကားထွက်ပြောဖို့ Confidence မရှိတာနဲ့ Body Language ဘယလိုအသုံးချရမလဲဆိုတာကိုမသိတာပါ။ ဒီအခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ ဆရာ၊ဆရာမတွေကသေချာလေ့ကျင့်သင်ကြားပေးပါတယ်။ Exam ဖြေဆိုဖို့အတွက် အရမ်း Brainstorming လုပ်ခဲ့ရပေမယ့် BUC ကသေချာ Practice လုပ်ပေးခဲ့တဲ့အတွက် အဆင်ပြေပါတယ်။ အရမ်းကောင်းမွန်တဲ့ Environment ပြည့်စုံတဲ့ Facility ၊ အကောင်းဆုံး Student Service တွေရရှိခဲ့တဲ့အတွက် British University College ကသမီးအတွက်တော့မိသားစုတစ်ခုလိုပါပဲ။ ဒါကြောင့် English စာကို စနစ်တကျလေ့လာချင်သူတွေအတွက် British University College မှာလာတက်ဖို့ သမီးအပြည့်အဝ Recommend ပေးချင်ပါတယ်ရှင်။